Monday 18 February 2013

အာဖရိကန်-အမေရိကန်တိုင်းပြည်တခွင် တော်လှန်သူနှင့်ကလောင်သျှင်


အပိုင်း
-()

အမေရိကပြည်သည်ကား မတရားအုပ်ချုပ်မှု၊ လူတန်းစားကွာဟမှု နှင့် ကျွန်စနစ်ရို့အကြောင်းပြောပြနိုင်သော ၀ထုတပုဒ်ပင်ဖြစ်ပါသည်။ ဤကလောင်သျှင်များနှင့် အခြားသောသူရို့က ၎င်းပြည်ဧ့ သမိုင်းကိုထုဆစ်ခကတ်သူများဖြစ်ပြီး ၎င်းနိုင်ငံကြီးပြုပြင်ပြောင်းလဲလာပုံ၊ ရှင်သန်ကျန်းမာလာပုံ ဖြစ်စဉ်တိကို ပြောပြခကတ်သည်။

() ဖေးလ်လိစ် ၀ှစ်ထ်လေး (၁၇၅၃-၁၇၈၅)

Phillis Wheatley


ဖေးလ်လိစ် ၀ှစ်ထ်လေးသည် အမေရိကရောက် ပထမဆုံးကဗျာစာအုပ် ထုတ်ဝီသူ လူမည်းစာရီးဆရာမတစ်ယောက်ဖြစ်သည်။ (၁၇၅၃)ခုနှစ်ဖွား ဖေးလ်လိစ်ကို အနောက်အာဖရိကတစ်နီရာတွင် မွီးဖွားပြီး နယူးအိင်ဂလန်သို့ ခိုင်းကျွန်အဖြစ်ရောင်းချခြင်းခံခရသည်။      ဂျွင် ၀ှစ်ထ်လေးက ၎င်းဧ့အိမ်သျှင်မအတွက် ဖေးလ်လိစ်ကိုလက်ဆောင်အဖြစ် ၀ယ်ဝီးခခြင်းဖြစ်သော်လည်း သူမကိုးနှစ်သားအရွယ်တွင် အင်္ဂလိပ်စာအပြင် လတ်တိန်၊ ဂရိ၊ ကျမ်းစာ နှင့် ဂန္တာဝင်စာပီတချို့ကို  အသက်အရွယ်အငယ်ကပင် သင်ကြားခွင့်ရခသည်။ ကဗျာစာပီများကို တစ်ဆယ့်သုံးနှစ်အရွယ်တွင် စတင်ရီးသားခပြီး  “On the Death of the Rev. Mr. George Whitefield” ကဗျာကို နယူးယွောက်၊ လန်ဒန်၊ ဘော်စတွင် နှင့် ဖေးလ်ဒယ်ဖီးယားမြို့တို့တွင် ဖြန့်ချီခသည်။

ဖေးလ်လိစ်သည် ဇာအချိန်က ခိုင်းကျွန်ဘ၀မှ လွတ်မြောက်လားသည်ကို တိတိကျကျမပြောနိုင်ကေလေ့ မေ့စ်စတာ နှင့် မေ့စစ် ဝှေးထ်လေးရို့ သီးဆုံးလားပြီးနောက် စက်ခြုပ်သမ၊ ကဗျာဆရာမတစ်ယောက်အဖြစ်နန့် သူမဘ၀ကို ရပ်တည်ခရသည်။ ဆိုင်ခြောက်ပိုင်သျှင် ဂျွင်ပီတာစ်နှင့် (၁၇၇၈)ခုနှစ်တွင် အိမ်ထောင်ကျပြီး အချေသုံးယောက်ထွန်းကားခပါသော်လည်း ဆင်းရဲဒဏ်ကြောင့်  ငယ်ရွယ်စဉ်မှာပင် သီဆုံးလားကတ်သည်။ ဖေးလ်လိစ် ကိုယ်တိုင်လေ့ အသက်သုံးဆယ့်တစ်နှစ်မှာ ဘ၀တပါးသို့ကူးပြောင်းလားပြီး သူမဧ့ကဗျာတိကို ဒုတိယထုတ်ဝီခွင့် အစရှာမရဖြစ်ခရသည်။ သူမဧ့ကဗျာစာအုပ်သည် ဘာသာရီး၊ ကိုယ်ကျင့်တရားနှင့် အခြား မြောက်များစွာသောအကြောင်းအရာများကိုသရုပ်ဖော်ထားသည်။ ထိုစာအုပ်ကြောင့်ပင် ပထမဦးဆုံး စာအုပ်ထုတ်ဝီသူ အာဖရိကန်-အမေရိကန် စာရီးဆရာမဖြစ်လာခြင်း ဖြစ်သည်။ သူမကဗျာကြောင့် တရားယုံးကခေါ်ယူခြင်းလေ့ ခံခရသည်။ ထိုစွပ်စွဲချက်တိကို ဖေးလ်လိစ်ချေပပြောလိုက်စွာက
ဒေလောက်ပြောင်မြောက်တေကဗျာတိကို တစ်ယောက်လူမည်းလေ့ ရီးဖူးခဖို့မဟုတ် လတ်။



() ဝေးလီယမ် ၀ဲလ်စ် ဘရောင်း (၁၈၁၄?-၁၈၈၄
   William Wells Brown
  
 ခိုင်းကျွန်တစ်ဦးဖြစ်သူ အမင်အလ်လိစ်ဘတ်(သ်)’ က ဝေးလီယမ်ကို လတ်ဇိန်းတွင်၊ ကန်တာ့ကီမြို့တွင်မီးဖွားသန့်စင်ခသည်။ နှစ်ပေါင်း(၂၀)ကျော် ကျွန်ဘ၀တွင်နီထိုင်ခရပြီး ၁၈၃၄ခုနှစ်၊ ဂျန်နျူဝါရီလတွင် လွတ်မြောက်ခွင့်ရသည်။ ပြီးနောက် ဝေးလီယမ်သည် လွတ်မြောက်လာသော အခြားနည်းတူကျွန်များအတွက် နှနှစ်ကြာ ကူညီလုပ်ကိုင်ပီးယင်း အလ်လိစ်ဘတ်(သ်) စပွင်နာ ဆိုသူမိမ္မနှင့် အိမ်ထောင်ရက်သားကျပြီး သမီးရတနာ သုံးယောက်ထွန်းကားခသည်။ တဖန် ဘာဖလိုသို့ပြောင်းရွီ့ပြီး ကျွန်စနစ်တိုက်ဖျက်ရီးလုပ်သားအဖြစ်  ၀ါဒဆိုးတိုက်ဖျက်ရီးနည်းလမ်းပေါင်းစုံတွင် ပါဝင်လှုပ်ယှားခသူ တစ်ယောက်ဖြစ်သည်။ ၁၈၄၃ခုနှစ် နွီရာသီတွင် ဘာဖလိုမြို့က ကမကထလုပ်ပြီး နိုင်ငံလုံးဆိုင်ရာလူမည်းညီလာခံ(National convention of colored citizens) နှင့် ကျွန်စနစ်တိုက်ဖျက်ရီးညီလာခံ(National antislavery convention)ကို ကျင်းပခသည်။ ထိုညီလာခံနှစ်ခုလုံးသို့ ဝေးလီယမ်တက်ရောက်ပြီး ဖရတ်ဒရေ့ခ် ဒေါက်ဂလတ်စ် ချားလ်စ် လန်နော့စ် စသော ၀ါသနာတူလူမည်း ၀ါဒဆိုးတိုက်ဖျက်ရီးသမားတိနှင့် သိကျွမ်းခရသည်။


လက်ရာပေါင်းများစွာထုတ်လုပ်နိုင်ခသူ၊ ကိုယ်တိုင်ရီးအတ္ထုပတ္တိတစ်အုပ်၊ ပြဇတ်တစ်ပုဒ်၊ ၀ထုများနှင့် ကျွန်စနစ်ဆန့်ကျင်ရီးစာပီများကို ရီးသားခသူတစ်ယောက်လည်းဖြစ်သည်။ “Clotel” ဆိုသောဝထုစာအုပ်သည် ပထမဦးဆုံး ထုတ်ဝီသော ၀ထုစာအုပ်ဖြစ်ပြီး ယင်းစာအုပ်ကြောင့်ပင် နာမည်ကြီးလာရသည်။ “Clotel” သည် “The President’s Daughter” အဖြစ်လူသိများပြီး သောမတ်စ် ဂျတ်ဖရွင်ဧ့ လက်မထပ်ပဲမွီးသောသမီးအကြောင်း၊ အမေရိကန်ခေါင်းဆောင်ကြီးရို့ဧ့ ကျင့်ဝတ်နှင့် ဘန်ဒတ်(ကပြား)အချေသူငယ်ရို့ တန်းတူညီမျှခံစားခွင့်မရခြင်း ဇတ်လမ်းရို့ကို ပေါ်ပေါ်လွင်လွင်ရီးသားထားသော စာအုပ်ဖြစ်သည်။


() ဖရတ်ဒရေ့ခ် ဒေါက်ဂလတ်စ် (၁၈၁၈-၁၈၉၅)

Frederick Douglass

စာရီးဆရာ၊ ၀ါဒဆိုးတိုက်ဖျက်ရီးသမား၊ စကားပြောလူရည်ချွန်ဖြစ်သူ ဒေါက်ဂလတ်စ်သည် ဆယ့်ကိုးရာစု အမေရိကန်လူမည်းခေါင်းဆောင်များထဲတွင် အလွန်အရေးပါသူတစ်ဦးဖြစ်သည်။ ကျွန်တစ်ယောက်ဧ့ သားဖြစ်သည်။ အသက်နှစ်ဆယ်အရွယ်တွင် ကျွန်ဘ၀မှလွတ်မြောက်ခွင့်ရပြီး အတ်ဘရာဟမ် လိင်ကွင်းဧ့ အကြံပီးလည်းဖြစ်ခဖူးသည်။ ပြည်တွင်းစစ်ကို မားမားမတ်မတ်ထောက်ခံပြီး နိုင်ငံရီးခေါင်းဆောင်အဖြစ်လည်းကောင်း၊ တပ်သားစုဆောင်းရီးလုပ်ငန်းများတွင်လေ့ တာဝန်ထမ်းဆောင်ခသည်။မြောက်အရပ်က ကြယ်The North Star သတင်းစာကို ဆယ့်ခြောက်နှစ်တိတိထုတ်ဝီခပြီး ၎င်းသည်ကျွန်စနစ်ဖျက်သိမ်းရီးလမ်းကြောင်းအတွက် အားပြင်းသောသတင်းစာစောင်ဖြစ်ခသည်။

နာမည်အကြီးဆုံးသူ့အလုပ်တိက ကိုယ်တိုင်ရီးအတ္ထုပတ္တိ သုံးအုပ်ဖြစ်ပါသည်။အမေရိကန် ကျွန်သဘောက်”        (An American Slave-1845) ငါ့ဘ၀ကျွန် ငါ့ဘ၀လွတ်တမ်း” (My Bondage and My Freedom-1855) ဖရတ်ဒရေ့ခ် ဒေါက်ဂလတ်စ် နှင့် ဖြတ်သန်းခသူ့ဘ၀” (The Life and Times of Frederick Douglass-1881) ။ ထိုစာအုပ်များသည် အမေရိကန်နိုင်ငံဧ့ ကျွန်စနစ်နှင့်လူမျိုးရီး ခွဲခြားမှုများကို ပြောပြနိုင်သော အကောင်းဆုံးဂန္တာဝင် အတ္ထုပတ္တိများပင်ဖြစ်ပါသည်။

ဂိုက်နန့်ပြောရဖို့ဆိုကေ ဒေါက်ဂလတ်စ်သည်သရော်မှုကျွမ်းကျင်ပုဂ္ဂိုလ်တယောက်ဖြစ်ပါသည်။လေးရက်ဂျူလိုင်” (Fourth of July) သည် သူဧ့ ၁၈၅၂ခုနှစ်က နာမည်ကြီးမိန့်ခွန်းတခုဖြစ်ပါသည်။ ဒေါက်ကလတ်စ်ကြွေးကြော်လိုက်စွာက
လေးရက်ဂျူလိုင်က မင်းကိစ္စရာ ငါ့ကိစ္စမဟုတ်၊ မင်းရို့ပျာယ်ပျော်ကတ် ငါကတော့ဒေမှာရင်ကွဲပက်လက်
ဂျူလိုင်လ လေးရက်နိ့သည် အမေရိကန်နိုင်ငံဧ့ လွတ်လပ်ရီးနိ့ဖြစ်ပါသည်။

နီတောက်ကြယ်
၂၉.၀၁.၂၀၁၃

ကိုးကားချက်

1.     www.brighthubeducation.com/homework-help-literature/127724-african-american-revolutionists-and-writers

2.     www.poets.org/poet.php/prmPID/431

3.     http://docsouth.unc.edu/fpn/brownw/bio.html

4.     www.history.com/topics/frederick-douglass

ကိုယ်ဖြစ်ချင်ခ နောက်ဘဝ

Artist-Kaung Kyaw Khine

ဖိုးဖီးဇူဇာပိုင် ငါမသီချင်

တမူထူးခြား တမလွန်လား ငါကားမဖြစ်ချင်

သို့ပါကေလေ့ ဘ၀မခြားခင် လွတ်လပ်ချင်။

ကျော့ကြာညို (ရခိုင်သမီးပျို)

၃၁-ဒီဇိန်ဘာ-၂၀၁၂


(Su Mwan Phroe ဧ့ Desire to Die” ကိုဘာသာပြန်ပါရေ)

Thursday 7 February 2013

Paradise


photo by me


Your eyes see the ceiling
Your ears hear the birds singing
Quickly turn your notebook on the facing
Lend your soul for the music
Lend your look for the reading
My Paradise this Morning ...

Su Mwan Phroe
02.Feb.2013