Tuesday 23 April 2013

အာဖရိကန်-အမေရိကန် တိုင်းပြည်တခွင် တော်လှန်သူနှင့် ကလောင်သျှင်

 အပိုင်း-(၂)

() လန်စတန် ဟျူးခ်ျ (၁၉၀၂-၁၉၆၇)
Langston hughes
 
ဖေဗျူဝါရီ () ရက်နိန့်၊ ၁၉၀၂ ခုနှစ်
 
ဂျိမ်းစ် လန်စတန် ဟျူးခ်ျကို မစ်ဇိုရီပြည်နယ်၊ ဂျိုဖလိန်မြို့တွင် မွီးဖွားသန့်စင်ပြီး ကောင်းမကြာခင်မှာပင် သူ့ဧ့မိဖ နှစ်ပါးလမ်းခွဲခကတ်သဖြင့် ဟျူးခ်ျသည် အသက်(၁၃)နှစ်အရွယ်အထိ အဘောင်မနှင့် ကြီးပြင်းလာရသူဖြစ်သည်။ လိန်ကွင်းမြို့သို့ အီးယောင်မိသားစုနှင့် နီထိုင်ရန်ပြောင်းရွိပြီးနောက်ပိုင်းမှာ ဟျူးခ်ျသည် ကဗျာများကို စတင်ရီးသားလီသည်။ လိန်ကွင်းတက္ကသိုလ်တွင် ကောလိပ်ပညာကို ပြီးစီးခသူ ဟျူးခ်ျသည် အကူထမင်းချက်၊ လောင်ဒရီအလုပ်၊ စားပွဲထိုး အလုပ်တိကို သင်္ဘောလိုက်ယင်းလုပ်ကိုင်ပြီး ယူရို-အာဖရိကတိုက် များသို့ သုံးနှစ်ကြာလှည့်ပတ်နီခသည်။ ၁၉၆၂ ခုနှစ်မှာကား ၀ဲရီဘလူးစ် (Weary Blues) လို့နာမည်ပီးထားရေ တေးဂီတနောက်ခံပါ ကဗျာစာအုပ်ကို ထုတ်လုပ်နိုင်ခသည်။

ပေါလ်လောရန့်စ် ဒင်းဘား၊ ကားလ် ဆန်ဘဂ် နှင့် ၀ဲလ်ဝှိမန်း ရို့သည် သူ့ကိုပထမဦးဆုံး လွှမ်းမိုးခသူများဖြစ်သည်ဟုဆိုလာသော ဟျူးခ်ျသည် ဂျတ်စ်မျူးဇိ ကိုနှစ်သက်သူဖြစ်ပါသည်။ ၎င်းရီးသားခသော ၀ထု၊ ပုံပြင်တို၊ ပြဇတ်နှင့် ကဗျာ အင်တန်အများအပြားတွင် ဂျတ်စ်မျူးဇိဧ့ အရသာများကိုတွိရတတ်သည်။ ဟျူးခ်  အရီးအသားများကို လိလာကြည့်လျှင် သူသည် ကိုယ်ပိုင်အဖြစ်အပျက်နှင့် လူမည်းမျိုးနွယ်တစ်ခုလုံး အတွိအကြုံတိကို သီးခြားမထားဘဲ နီကရိုးလူမျိုးရို့ ဘ၀နီထိုင်မှုအနုပညာ၊ ဇာတိ ထုံးတမ်းစဉ်လာများ၊ ပူပင်ဆင်းရဲသောကများနှင့် မိမိရို့ဘာသာစကား၊စာပီ နှင့် ဂီတသုခုမ ရို့အားချစ်မြတ်နိုးပုံတိကို ထင်ထင်ရှားရှားပုံဖေါ်ရီးသားတတ်သူ ဖြစ်သည်။ 

ဟျူးခ်ျဧ့ စာပီနှင့်အနုပညာဖန်တီးမှုသည် ဟာလမ်(Harlem Renaissance) လူထုလှုပ်ယှားမှုကြီးအတွက် အထောက်အပံ့တစ်ခုဖြစ်ခပြီး ယင်းနောက်ပိုင်းတွင် ဟျူးခ်ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ သမိုင်းမှတ်တိုင်တစ်ခုအဖြစ်လည်းကောင်း  သူနီထိုင်ခသော နယူးယွောက်မြို့၊ ဟာလမ်-အရှိ ၁၂၇ လမ်းကို ဟျူးခ်ျနာမည်ဖြင့် လန်စတန် ဟျူးခ်လမ်း (Langston Hughes Place) ဟုပြောင်းလဲခေါ်ဝေါ်စီခသည်။
နှခမ်းစမှာ ရယ်လျက်ပါ” (Not Without Laughter) ရိုးစင်းမှု စာအုပ်တွဲ” (Simple Books: Simple Speaks His Mind, Simple Stakes a Claim, Simple Takes a Wife and Simple’s Uncle Sam) ရို့သည် သူဧ့ ကျော်ကြားသော ထုတ်ဝီမှုများဖြစ်သည်။

() အဲလတ်စ် ဟေးလေး (၁၉၂၁-၁၉၉၂)
Alex Haley

ကျောင်းဆရာမ သားဖြစ်သူ ဟေးလေးသည် ပါရမီထူးခြားသူတစ်ယောက်ဖြစ်သည်။ သူ့ကို သြဂတ်စ်လ၊ ၁၉၂၁ ခုနှစ်တွင် နယူးယွောက်မြို့မှာ မွီးဖွားခသည်။ အသက် (၁၇)နှစ်အရွယ်တွင် ကောလိပ်ကျောင်းမှ ထွက်ပြီး ကမ်းရိုးတန်းရီတပ်စခန်းတစ်ခုတွင် စတင်အမှုထမ်းလီသည်။ သင်္ဘောထက်တွင် ပျင်းစရာအချိန်မဟိရလီအောင် ၀ထုတိုများ၊ ဆောင်းပါးများ ရီးသားပြီး မဂ္ဂဇိင်းတိုက်များသို့ စာမူတိ ပီးပို့ခသည်။ အကြိမ်ပေါင်းများစွာ အငြင်းခံခရသည်။ တစ်ပုဒ်စ နှစ်ပုဒ်စ အရွီးချယ်ခံခရသည်။ ယင်းချင့်သည်ပင် ဟေးလေးကို စာဆက်ရီးဖို့ အားဖြစ်စီခသည်။

ရီတပ်စခန်းကနီ အနားယူပြီးနာ အလွတ်တမ်းစာရီးဆရာအဖြစ် ဘ၀ကိုရပ်တည်ဖို့ကြိုးစားခသည်။ ၁၉၆၂ ခုနှစ်တွင် ကမ္ဘာကျော် ပုဂ္ဂိုလ်တစ်ချို့နှင့်အိန်တာဗျူးရန်အစီအစဉ်တစ်ခုကို ပလေးဘွိုင်း မဂ္ဂဇိင်းမှ ကမ်းလှမ်းလာခြင်းသည် ဟေးလေးဘ၀အတွက် ကောင်းသောလှုပ်ခတ်မှုကြီးတစ်ခုဖြစ်သည်။ မာတိန် လူသာကိန်း ဂျူနီယာ၊ ဆမ်မီ ဒတ်ဗစ်စ် ဂျူနီယာ၊ ကွိန်စီ ဂျူန်း စသော လူထုခေါင်းဆောင်၊ စံပြပုဂ္ဂိုလ်များနှင့် အိန်တာဗျူးစီးရီး တစ်ခုကို အောင်အောင်မြင်မြင်ထုတ်လုပ်နိုင်ခသည်။ ယင်းနောက် သူရီးသားခသောမဲလ်ကွင်မ် အိတ်စ်ဧ့ အတ္ထုပတ္တိ” (The Autobiography of Malcolm X)ကို ၂၀ရာစု အတွင်း အကောင်းဆုံး ရသလွန်စာအမျိုးအစားအဖြစ် အသိအမှတ်ပြုထားသော အကောင်းဆုံးဆယ်ဂဏန်းထဲတွင် ပါဝင်သည်ဟု တိုင်းမ်မဂ္ဂဇိင်းက ဖော်ပြခသည်။

ဟေးလေးဘ၀မှာ စာရီးရခြင်းဧ့ အဓိကရည်ရွယ်ချက်တစ်ခုဟိခသည်။ ယင်းချင့်မှာ လူမည်းရို့ဘ၀ အဆင့်အတန်းကို မြှင့်တင်ပီးဖို့ပင်ဖြစ်သည်။ သူကငါ ဖေ့သာဇာလောက်ရှာနိုင်ခြင်း၊ ဇာလောက်ပွားအောင်လုပ်နိုင်ခြင်း ဆိုစွာရေ တွိဖူးသမျှလူမည်းတိထဲက အသိကြွယ်သူပါ၊ အသိနည်းသူတိပါ မင်းအတွက် ငါရို့ဂုဏ်ယူပါရေ လို့ ပြောလာစွာနန့် နှိုင်းယှဉ်လိုက်ကေ တစ်ခုချေလေ့မဟုတ်၊ လူတိဘ၀ မြင့်မားဖို့အတွက် တစ်ခုခုလုပ်ပီးရစွာကို ငါ့ကို အားဟိစီရေလို့ ပြောခဖူးပါသည်။

() ဂျိမ်းစ် ဘောလ်ဝိန်း (၁၉၂၄-၁၉၈၇)
James Baldwin

၁၉၂၄ခုနှစ်ဖွား ဘောလ်ဝိန်းသည် နယူးယွောက်သားတစ်ယောက်ဖြစ်သည်။ ပြဇတ်၊ ၀ထုများကိုရီးသားခပြီး ၂၀ရာစု အကောင်းဆုံး စာရီးဆရာအဖြစ်သတ်မှတ်ခံရပြီး စာပီရပ်ဝန်းသစ်တစ်ခုကို ထူထောင်နိုင်ခသူဖြစ်သည်။ ဘောလ်ဝိန်းသည် အမေရိကတိုက်မှာနီထိုင်ရေ လူမည်းတိဘ၀ဇတ်လမ်း၊ လူနီမှုအဆင့်အတန်း နှင့် အမျိုးသားရီးဆိုင်ရာ အခန်းကဏ္ဍများကို ရွှမ်းနီအောင် ရီးထားခသည်။ အငယ်ချေခါကပင် စာဖတ်ဝါသနာကြီးသူတစ်ယောက်ဖြစ်သည်။ ဒီဝိစ် လိန်ကွင်းအထက်တန်းကျောင်းတွင် တက်ရောက်ခပြီး ယင်းအချိန်ကပင် ကလောင်စွမ်းထက်သူတစ်ယောက်လည်းဖြစ်သည်။ ကျောင်းမဂ္ဂဇိင်းမှာ နောင်အနာဂါတ်တွင် ကြယ်တစ်ပွင့်ဖြစ်လာမည့်ဓါတ်ပုံဆရာ ရိစ်ချဒ် အဲဗီဒွင် နှင့် တတူအလုပ်လုပ်ခပြီး ကဗျာများ၊ ၀ထုတိုများနှင့် ပြဇတ်များကို ထည့်သွင်းရီးသားခသည်။ အသက်အရွယ်အငယ်နှင့် အင်တန်စာပီခရီးရောက်သူ ဖြစ်လီသည်။ အထက်တန်းကျောင်းအပြီးမှာ မိသားစုအတွက် ကောလိပ်မတက်နိုင်ဘဲ အလုပ်ပေါင်းစုံဝင်လုပ်ခရသည်။ အာဖရိကန်-အမေရိကန်တစ်ယောက်ဖြစ်သောကြောင့် နှိမ့်ချဆက်ဆံမှုတိ၊ အနိုင်စားမှုတိ ကိုခံခရသည်။

အနုပညာသမား၊ စာပီသမားတိနန့် နီးစပ်ရာရွာချေတစ်ခုကိုပြောင်းရွိနီထိုင်ပြီးနောက် ဘောလ်ဝိန်းသည် စာရီးဆရာ ရိချက် ရိုက် နှင့်မိတ်ဆွီဖြစ်ရာက ဖဲလ်လိုးချိစ် ပရိုဂမ်တစ်ခုကိုတက်ရောက်နိုင်ခသည်။ သနေးယှိန်း၊ ပါသျှန်း ရီဗျူး နှင့် ကွင်မန်ထရီ လစဉ်ထုတ်သတင်းစာများတွင် ပင်တိုင်စာရီးဆရာအဖြစ်လေ့ ရည်တည်ခသည်။ သုံးနှစ်ကြာပြီးနောက် အပြောင်းအလဲတစ်ခုနှင့်ကြုံရသည်။ ပြင်သစ်သို့ အခြားဖဲလ်လိုးချိစ် တစ်ခုထပ်လားရပြီး ယင်းက ဘောလ်ဝိန်းကို ကိုယ်တိုင်ကြုံရအဖြစ်အပျက်တိအကြောင်းပိုလို့ရီးဖြစ်စီသည်။
 
ပင်လယ်ကြီးအခြားတစ်ဖက်ကနီ ကိုယ့်စွာကိုပြည်ကြည့်ရေခါ ငါဇာတိက ဇာဆိုစွာ ယှင်းယှင်းလင်းလင်းသိလိုက်ရရေ။ ငါစွာ ကျွန်တစ်ယောက်ဧ့ မြီး၊ ငါစွာ စာရီးဆရာ

ထိုး တောင်ထိပ်ထိတက်လို့ပြော’ (Go Tell It on the Mountain) သည် ပဌမဆုံးကိုယ်တိုင်ရီး အတ္ထုပတ္တိတစ်အုပ်ဖြစ်လီသည်။ရှိဆက်လို့စာရီးဖို့ဆိုခကေ ဒေစာအုပ်စွာမဖြစ်မနီရီးရဖို့စာအုပ်၊ ငါ့ကို အနာတရဖြစ်စီရေ အရာတိကိုရင်ဆိုင်ရဖို့၊ ဘာဘာနန့်လေ့သွင့်ဆိုပနာ နောက်ပိုင်းမှာ ဘောလ်ဝိန်းကိုယ်တိုင် ၀န်ခံခသည်။


နီတောက်ကြယ်
၂၂၊၀၂၊၂၀၁၃

ကိုးကားချက်

http://www.brighthubeducation.com/homework-help-literature/127724-african-american-revolutionists-and-writers/
http://www.poets.org/poet.php/prmPID/83
http://www.biography.com/people/alex-haley-39420
http://www.biography.com/people/james-baldwin-9196635

No comments:

Post a Comment