Showing posts with label Arakan Poem. Show all posts
Showing posts with label Arakan Poem. Show all posts

Monday, 3 June 2013

ကြွီပန်းတစ်ပွင့် နှုတ်ဆက်အနမ်း


အို..ကြင်မညီး မြတ်နိုးရသူ ကို
မကြောက်ကေ့ လေ
လှုပ်လေ့ မလှုပ်ပါကေ့
စကားတိလေ့ မပြောကေ့နန်း
လူတိသျှင်တိ လုံးဝမမြင်နိုင်ဆိုလို့ပင်
တနားချေ တိုင်းနီ
ကို့ ကို ကြည့်ချင်ရေ
မှောင်နန့်မည်းနန့် ပန်းရို့ နှစ်ယောက်ထဲရာလေ
ယေကေလေကို့ ကိုပဲ ကြည့်ချင်နီမိရေ
မိုးကျလာရေ ကို့ ခန္ဓာကိုယ်ချေ
ကို့အသား၊ ကို့နှခမ်း
မျက်စိတိကို စိထားပလင်
တစ်ယောက်လေ့ မြင်ရစွာကမဟုတ်
ပန်း..ကို့ ဘေးနားမှာဟိရေလေ
သိယင့်လားပန်း..ဟိစွာ သိယင့်လား..
ကို့ ကို တို့ခွင့်၊ ထိခွင့်ရခါလေ
ပဌမဆုံး နှခမ်းလွှာချေတိ နန့်ဖြစ်လိ့မေ
ကို နွီးလားအောင်လို့
ဇာနီရာချေကိုလေ ဆိုစွာဝါ သိလို့လား
အိန်းကို့မျက်ဝန်းအိမ်ချေတိလေ့ ဖြစ်နိုင်ရေ
ကို့မျက်ဝန်းချေတိထက်ကို ပန်း..နှခမ်းရာချေတိထင်းလားအောင်ထိ
ကို့ဘားကိုရင်ခုန်သံအနွီးဓါတ်ချေတိ ကူးလားအောင်ထိ
ကိုပန်းကိုကြည့်
မျက်လုံးဖွင့်လိုက်ဖိ
ထော..ကို့အကြည့်တိ
နိမ့်လိုက်မြင့်လိုက် အငြိမ်မကျနိုင်ရေ ပန်းရင်ဖတ်ထက်မှာ
ကို့လက်တိက ပန်းခါးသွယ်သွယ်ကို အသာအသာ နန့် ရွက်လိုက်ပြီးနာ
ပန်းခန္ဓာတစ်လုံးကို ကိုလျှောကျလားစီရေ
ကိုနန့် တတူ ပန်းက တသားတည်း
ပန်းလေ သတိလက်လွတ်
ကို့ ကိုယ့်ထည်တစ်ခုလုံးလေ့ ဗရမ်းဗတာ
နိဂုံးဆိုစွာ ဟိဖို့သိ့လား
အို..မဟိနိုင်
ကို
အဂင့်မသိစွာလာ ဆိုရေ
ကို့ ကိုထာဝရ ခွင့်လွှတ်ထားရေ
ကို..ပြန်လာလတ်နန်း
ပန်း မျက်ရည်တိနန့် တဆတ်ဆတ်တုန်နီကေတောင်
ဂု အခိုက်အတန့်ချေစွာ
ဧအချိန်ချေစွာ
ပန်းနန့်တူတူ ကမ္ဘာမြီ  မပျောက်ကွယ်သရွိ
နက်ဖန်ပေါင်းကုဋေကုဌာထိပါ
ကို့အနားကို ထပ်လာခွင့်မဟိပျာယ်
ဒေတစ်ခါလမ်းခွဲရာ
တတူ စိုက်ပျိုးချင်ခရေ အမှတ်တရတိ
လုပ်ပြီးခပျာယ်လေ..အားလုံးပြီးပျာယ်
ပန်းကို ယုံပါ ကို.. ပန်းရို့ တတူဖြတ်သန်းခပျာယ်
သံသရာတဆုံးထိ ပန်းရို့
ပန်းကို့ နားမှာမဟိရေခါ
အသက်ရှည်အောင်နီရဖို့နန်း
ပျော်အောင်နီရဖို့
ပန်းအတွက်လေ..
ဂုစကားပြောနီရေ
ဒေကလိ့မေအတွက်
တစ်ခုလေ့ပူစရာမလို
ပန်းလေ နောင်တ မပါဘဲ
နှုတ်ဆက်ခရေ
ကို့ ကို။။


ကျော့ကြာညို (ရခိုင်သမီးပျို)
၀၇၊ ဖေဗျူဝါရီ၊ ၂၀၁၃
“Silk Movie” က “Farewell love letter” ကိုဘာသာပြန်ပါရေ။


Monday, 18 February 2013

ကိုယ်ဖြစ်ချင်ခ နောက်ဘဝ

Artist-Kaung Kyaw Khine

ဖိုးဖီးဇူဇာပိုင် ငါမသီချင်

တမူထူးခြား တမလွန်လား ငါကားမဖြစ်ချင်

သို့ပါကေလေ့ ဘ၀မခြားခင် လွတ်လပ်ချင်။

ကျော့ကြာညို (ရခိုင်သမီးပျို)

၃၁-ဒီဇိန်ဘာ-၂၀၁၂


(Su Mwan Phroe ဧ့ Desire to Die” ကိုဘာသာပြန်ပါရေ)

Saturday, 10 November 2012

နန်း....ထပ်လီသချီး



ငွီနှင်းတိပျောက်
သွီးတဖြောက်ဖြောက်နန့်
အနောက်တန်းခါးလေ့ ကျိုးဗျာယ်နန်း။

တသီးစားရို့
ထိုင်ခုံလုလို့
ကြဌာန်းတိလေ့ ပြိုခရဗျာယ်နန်း။

ရက္ခိတရို့
အဓွန့်ရှည်ဖို့
အမိသားပျောက် ရှာကတ်ရဗျာယ်နန်း။
ပြောင်းမပိုင်
အသာပြာမနိုင်လို့
ဝါးရိုးတိနန့်
ခြံခတ်ရဗျာယ်နန်း။

နိုးနိုးကြားကြား ဟိသူရို့
ကြိုးကြိုးစားစား ဟိသူရို့
လှုပ်လှုပ် ယှားယှား ဆန္ဒ၀ါ
ဟိယင့်လားနန်း....
အဂင့် ဟိယင့်လားနန်း....။

ကျော့ကြာညို (ရခိုင်သမီးပျို)
၀၅.၁၀.၂၀၁၂


Friday, 9 November 2012

နမိတ်သစ်

ကဗျာတိစော် နမိတ်လား
မဖတ်ဝံ့ဗျာယ်။
သက်ကြီးစကား နမိတ်လား
လီတောင်မချူဝံ့ဗျာယ်။
ဗျာယ်..ဗျာယ်..တိကိုဖြေ
ကမ္ဘာကြီးကိုထမ်းဖို့
အရာ ငမိုက်သား
သူ့နမိတ်သစ် နန့် သူလာနီရေ။


ကျော့ကြာညို (ရခိုင်သမီးပျို)
၀၆.၀၉.၂၀၁၂ 
 

ဖြေ=ဖျက်တေ
ဥပမာ။ ။ ယင်းအမှားကို ခဲဖျက်နန့်အယင် ဖြေပလိုက်လေ။

Thursday, 8 November 2012

ပညာတတ်ညဥ့်ယံ




နက်ဖန်ခါ အဆင့်မြင့်လူ့စာရင်းဝင်ဖို့
ဒေညဥ့်ယံ အာစိလိုက်ရလီခြင်း။

ပညာတတ်တိ သမုတ်တေ
မူလဆန်ဆန်အပြောအဆိုအရ
ယိုင်လိုက်လေ ယိမ်းလိုက်မောင်ရို့ ပုံစံခွက်ကိုယူ
မျက်စိစူးရေ လစ်(စ်)ထဲက ထွက်ကျဖို့လားဆိုပျာယ်
ပွင့်လင်းစွာပြောတတ်တေ မိရိုးဖလာကို
ယဉ်ယဉ်ကျေးကျေး နှင့် စွန့်လိုက်ရခြင်း။

အနောက်တိုင်း ပင်ကာလည်မှ
ဒေနွီရာသီ အအီးလျော့လီဖို့အထင်နှင့်
လီခံလူက စိမ်ပြေနပြေခံနီပျာယ်
အမုန်းခံပဒေသာပင် လုံးချင်းတည်း
အရာဇာနှစ်ပင် ဟိနိုးဟိနိုး
စိတ်ပူစိတ်ဆာတိကို ဆွဲထားခြင်း။

နား၊မျက်စိ ဦးနှောက်အားနည်း
အရွယ်ရောက်ပျောင်ချေတစ်ကောင်
ဂုဏ်၊ ဓန၊ မာန်၊ မာန လောင်းစီးပြိုင်ပွဲကြား
အိမ်တွင်း ရုပ်လုံးမလှမှုကိုဖယ်
ငရုပ်ဆီရောင် အရည်တိထွက်ကျနီရေလူတိကြားထဲက
တိုးပျာယ်တခါ ကြည့်လိုက်တေခါ
မိတ်သဟာကြီးငယ်ကျယ်ပြန့် Showပွဲကိုရာ မြင်ရခြင်း။

နက်ဖြန်ခါ အဆင့်မြင့်လူ့စာရင်းဝင်ဖို့
ဒေညဥ့်ယံ အာစိလိုက်ရလီခြင်း။ 

ကျော့ကြာညို (ရခိုင်သမီးပျို)
 ၀၅.၁၀.၂၀၁၂

မဲ့ပြုံး

ဘဇောင်ပိုင်ပင် ပြင်ဆင်လို့ပြုံးပြလီလေ 
မဲ့လိုက်တေအမဲ့ 
ယွဲ့လို့ပင်နိန်ရေ
လှလိုက်ပုံကတော့ခါ
ကိုယ့်ရင်မှာ
ဂန္ဓ၀င်လို့ သာဓကကျူးလိုက်မိရေ။

ဘဇောင်အရီမျိုးကိုမှ ရထားလီလေ
ဝင်းလိုက်တေ အ၀င်း
လဲ့လို့ပင်နိန်ရေ
မွီ့နီလိုက်ပုံကတော့ခါ
ကိုယ့်စိတ်မှာ
ကတ္တီပါလားလို့ အမှတ်မှားလိုက်မိရေ။

လောကကြီးလေ.....
သူရယ်လိုက်တေခါ
ချစ်မွှီးပါရေလို့ ဆိုရလီဖို့လား
ပါးချေနှစ်ဖက် တဖက်စီကို
လေးဆယ့်ငါးဒီဂရီ စောင်းတက်လားစော်
သိလာ......
ဆောင်းဥတု နိန့်ခင်းတရက်
နီသွီးနုနန့်သပ်အကျမှာ
အလင်းပြန်ခြင်း တစက္ကန့်အတွင်း
မျက်စိမျက်နှာတ၀ိုက် ၀င်တိုက်မိစော်တောင်
အဘာ..ထထူးဆဆန်း
အသက်ရှုသံပင်မနေရာက ဆဲလ်တိ
တဒိန်းဒိန်းမြည်ဗနာ တုန်လားရေကာ
ဂျွန်နာ့ခ်ျသီအိုရီလား ကိုယ့်သီအိုရီလားဂု။

အဝေ..အားလုံးခြုံပြောရကေ
သူ့မဲ့ပြဲုးကို ကိုယ်အကြိုက်ဆုံး
လီယိုနာဒို ပြိုင်လာပတ်စီအုံး
ယင်းသူကို အရူံးတလုံးပီးလိုက်မေ
သူ တချက်အမဲ့မှာ
ကိုယ့်သီလတိ စမ်းမတွီ့လိုက်လို့ယေ။

ကျော့ကြာညို (ရခိုင်သမီးပျို)
၁၇.၀၁.၂၀၁၂

* This Poem is Published in The Arakan International 14th*

ဘ၀ကူးကောင်းရေ ၀ိုင်

နီသားကျလာရေ

ရနံ့တခု 
အလယ်လမ်းက
အိမ်မက်တခု...
ဟုတ်တေ
ရင်ဖတ်တခု 
မြင့်လိုက်နိမ့်လိုက်ဖြစ်နီရေကြားကနီ
ငါ အချစ် လို့အော်ကြည့်ခသိမ့်ရေ။


တူညီခလို့လား
ညီမျှခြင်းတိချကြည့်မိရေ
အဝေ.. ငါကောင်းမိုက်တေ
အားနည်ချက်တိနန့်ရာမနား
ဒေလူ နောက်ဆုတ်ခြင်းတရားကို
ရင်းနှီးပြီးသား
အားမနာကေ့
ထွက်လားလီပါ။



မ နန့် ထပ်စလိုက်မေ
မကြေကွဲဝေ
ဒေချင့် ဇတ်ညွှန်းအမှားတခုရာ
အတိတ်ဘားမှာ မိုးသောက်က
ငါ့အတွက်လတ်
နင့်အကျင့်တခု
မွီးစပ်ဖို့တောင်းထားလိုက်ယင့်
အိုး..အေမှာ အေမှာ
တချက်ချေ..
အကျွန် ၀ိုင် မကြိုက်ပါ။



ကျော့ကြာညို (ရခိုင်သမီးပျို)
၀၆.၀၃.၂၀၁၂

အလှဆုံးညဥ့်လား...ဂန္ဓာရနှင်းနီ
















ညဥ့်..

ကြယ်မဟိပါကေလေ့ လှနီရေ
ညဥ့် တညဥ့်ဖြစ်ဖို့..လ မလိုမှန်း
မက်ခ်ျ အာရုဏ်ကူးမှ စာအုပ်ထဲမှာဖတ်လိုက်မိရေ။

အရောင်ထထူ သုတ်ထားရေ
ညဥ့်မျိုးကြုံခရေ
အရောင်ပပါးချေ တင်ထားပြီးသားနာ
လှရေလို့မြင်နီရေ အခါလေ့ဟိခရေ
တခါတရီမှာ ညဥ့်က
မျက်နှာသစ်ပြီးခါစ မျက်နှာမျိုးနန့်
စကားတ၀ီဝီ စပြောရေ။

ကဗျာဆရာကြီးက ဝေဖန်ပြန်ဗျာယ်
ငါ့ကဗျာတိ မာနပါနီရေလို့
ညဥ့်..ပြောပြပီးဖို့လား
ရုပ်မှန် နန့် သဏ္ဍာန် အကြောင်းကို
သက်ပြင်း သက်ပျော့ချမိရေ
ဂန္ဓာရနှင်းနီ နားလည်မှုလွဲနီလို့လေ။

တူရိယာအကြောင်း လေ့လာပါရစီ
ညဥ့်အကြောင်း တီးကြည့်ချင်လို့
နားထောင်စီချင်လို့
သာယာစီချင်လို့
လိမ်မာစီချင်လို့
နှုတ်ဆက်ချင်လို့
ညဥ့်ကို ချစ်လို့..။

ဒေအကြောင်း ဆောင်းပါးထည့်ဖို့
လူကြုံဟိပါဖို့သိမ့်လား
ဂုမြင်နီရရေညဥ့်က အလှဆုံးမဟုတ်လား
ဂန္ဓာရနှင်းနီ..။

ကျော့ကြာညို (ရခိုင်သမီးပျို)
၀၉.၀၃.၂၀၁၁

**Published in The Arakan International 15th**

သူ့အကြိုက်


အချစ်နမ်းဖို့ရွယ်
ဒေနိန့် ...
ငါပန်းကောက်ခရေ။

ကြည်နူးရိပ်တိပြယ်
မင်းက...
ပန်းမကြိုက်လတ်လေ။

ကျော့ကြာညို (ရခိုင်သမီးပျို)
၀၂.၀၅.၂၀၁၂

အကြောင်းကံ


 နက်ဖြန်ခါတရက်တည်းအတွက်မဟုတ်ခရေ

မျှော်လင့်ချက်တိ

စက်တင်ဘာလက ခြွီစားလားခကေတောင်

အယင်နှစ်က ငါ့အိမ်မက်တိကို
ပြန်ပီးခဗလင်။


ရက်၊လ၊နှစ်ကို စောင့်ယင်းရစ်ပတ်နှောင်ထုံးခရေ 

သံယောဇဉ်ကြိုးချေ

နီဝင်ချိန်အတွက် မဟုတ်ခကေတောင်
အဖြူရောင် ငါ့ရာဇ၀င်ကို
ပြန်ပီးခဗလင်။ 



တယောက်စာပုဂ္ဂလိကအလွမ်းတခုရာဖြစ်ခရေ

ရင်ဖတ်ပြည့်အနာ

မာနစကေချေများ ပါနီခကေတောင်
ခွင့်လွှတ်တတ်တေ အရယ်အပြုံ့တိကို
ပြန်ပီးခဗလင်။



ကျော့ကြာညို (ရခိုင်သမီးပျို)

၁၇.၀၁.၂၀၁၂
*(This Poem is issued in The Arakan International 16th)*

Wednesday, 7 November 2012

ဒုတိယတကြိမ်


ကိုယ့်ကိုယ်ကို အချစ်နှင့်ပြုစား
တူညီ ကူညီ လေးစားဖို့လူ
တွိပါဖို့လား
ရှာဖွိခရေ။

ကိုယ့်ကိုယ်ကို သမာတိနှင့်ပြုစား
တန်းတူ သွီးတူ လွတ်လပ်တေလူ
ရောက်လာဖို့လား
စောင့်ခဖူးရေ။

ကိုယ့်ကိုယ်ကို  နားလည်မှုနှင့်ပြုစား
ခင်မင် သနား ကြင်နာဖူးလူ
ချစ်ခွင့်ပန်လာဖို့လား
တမ်းတမိရေ...ဒုတိယတကြိမ်။

ကျော့ကြာညို(ရခိုင်သမီးပျို)
၀၅.၁၀.၂၀၁၂

အကျွန် လူတယောက်


အကျွန်ရေ

မြို့ကြီးပြကြီးမှာ ခိုနီရေလူတယောက်
 
အာဟာရဖြစ်သမျှ မှီနီရေလူတယောက်
 
မျှော်လင့်ချက် လင်းကြဲတတုံးနန့်လူတယောက် 

ကယ်ဆယ်ရေးတိုင်းမှာ ကူချင်နီရေလူတယောက်
 
ယင်းသူရို့နန့်  ရှိဆိုင်ကိုင်ပလိုက်ချင်ရေလူတယောက်
 
အယှင်းဆုံးပြောရကေ
 
လက်ပိုက်ပနာ တခုလေ့ မလုပ်နိုင်ရေလူတယောက်။

ကျော့ကြာညို (ရခိုင်သမီးပျို)
 ၁၆.၀၉.၂၀၁၂

Kofi Annan On Syria, Hard choice of Peacekeeping article ထဲက 

(the sense of hopelessness, wanting to help, wanting to confront these people, but simply not

having the capacity to do it) စာကြောင်းကိုမှီငြမ်းရီးသားခြင်းဖြစ်ပါရေ။