Sunday 3 March 2013

အမာက သင်္ကြန်ပြန်လွမ်းမိပါရေ


၁။ နိဒါန်း

အချိန်အခါသမယက ရခိုင်သားတိုင်းစိတ်ဘ၀င်တိ အလိုလိုမြူးရရေ ခါတော်သင်္ကြန်ဖြစ်ပါရေ။ ၂၀၁၀ ခုနှစ် အမာမြို့ ဘ၀သစ်ရွာချေမှာ အကျွန်နန့် တတူ ရွာသူရွာသား၊ ဘုန်းကြီးအစ လူငယ်အဆုံးတိစွာ  ပထမဦးဆုံး ရခိုင်ရိုးရာ သင်္ကြန်ချဖို့ ရင်ခုန်မှုတိနန့် ပြင်ဆင်စရာဟိစွာ တိပြင်ဆင်နီကတ်ပါရေ။ ကာလသားချေတိကမဏ္ဍပ်ဆောက်လူဆောက် ၀ါးထမ်းလူထမ်း ရီကန်ဖော်လူဖော်နန့် မအားကတ်ရပါ။ ဘုန်းကြီးတိကလေ့ရွာလူကြီးတိပါးက ခွင့်ပြုချက်ယူ၊ စီစဉ်ပီးစရာ တီဗီဆောင်းဗောက် တိကိုတတ်နိုင်သလောက် ၀ိုင်းဝန်းလုပ်ပီးပါရေ။ ဘ၀သစ် ()က အချေ အက အုပ်စုတိကလေ့ အကကို ကိုယ်တိုင်တိုက်နီကတ်ပါရေ။ အကဆရာမ နီမကောင်းလို့ အချေတိ အံ့သြကောင်းထမန်း ကိုယ့်ဒိုးဗတ် ကိုယ်တီး တိုက်နီကတ်ပါရေ။ အကျွန်ရို့ဘ၀သစ်()က ထွက်ဖို့ အပျိုချောတိမှာ တခါလေ့မကဖူးလို့ ရန်ဖြစ်ခဲဖြစ် ပနာ အကတိုက်နီကတ်ရပါရေ ညစဉ်ဘုန်းကြီးကျောင်းမှာ။

၂။ သင်္ကြန်ဖြစ်ပေါ်လာပုံ သမိုင်း

သင်္ကြန် ……….. အကူးအပြောင်း (၀ါ) ကူးပြောင်းခြင်းလို့ ဖွင့်ဆိုကတ်ပါရေ။ ရခိုင်ဓည၀တီပြည့်သျှင် စန္ဒာသူရိယမင်းကြီးရေ မြတ်စွာဘုရားသျှင်နန့် အယင်ဘ၀က သူငယ်ချင်းဖြစ်ခဖူးရေလို့ စာဆိုတိဟိခဖူးပါရေ။ ယေဇူးနန့် ဘီစီ-၅၆၈မှာ မြတ်စွာဘုရားရေ နောက်လိုက်သံဃာ အပါး၅၀၀ နန့် တတူကျောက်တော်တောင်ကို ကြွချီလာပျာယ် ဘုရင်နန့် တိုင်းသူပြည်သားတိ ကိုးကွယ်ဖို့ မဟာမြတ်မုနိ ဆင်းတုတော်ကို ပုံစံတူကိုယ်ပွားတော် အဖြစ်သွန်းလုပ်စီခပါရေ။ရခိုင်ပြည်သူ ရခိုင်ပြည်သားရို့ရေ ယင်းဆင်းတုတော်ကို အမွှီးနံ့သာရီ တိနန့် ပက်ဖြန်းဗနာ    ရီသပ္ပါယ်ပူဇော်ကတ်ရပါရေ။ ယင်းတွက်ကြောင်း နှစ်စဉ် နှစ်စဉ်ဒေအချိန်မှာ ဘုရားဆင်းတုတော်တိကို ရီသပ္ပါယ်ပူဇော်ရေ ဓလေ့ဖြစ်ထွန်းလာရရေ လို့ဆိုပါရေ။ ရီသပ္ပါယ် ပူဇော်အပြီးမှာ ကျန်ဟိခရေ နံ့သာရီစင်တိ နန့် ရခိုင်ပြည်သူတိ အချင်းချင်းပက်လောင်းခြင်းအားဖြင့် ရီလောင်းရေ ဓလေ့ချေတခု ချစ်ကောင်းထမန်းပေါ်ပေါက်လာပျာယ် သင်္ကြန်ပွဲတော် အဖြစ်ကျင်းပခြင်းဖြစ်တေလို့ ရခိုင်ရို့ဧ့ သင်္ကြန် သမိုင်းကို ဂုပိုင် တအံ့တအား တွိ့ဟိရပါရေ။

၃။ ရခိုင်သင်္ကြန်ကျင်းပပုံ ဓလေ့ထုံးတမ်းစဉ်လာ

ရခိုင်လူမျိုးတိရေ မိမိရို့ ရိုးရာ ချစ်စရာအတာသင်္ကြန်ကို အဆင့်()ဆင့် နန့် ကျင်းပကတ်ရပါရေ။
၁။  နံသာသွီးပွဲ       
၂။ ဘုရားရီချိုးပွဲ
၃။ သင်္ကြန်ရီလောင်းပွဲ
ဆိုပနာ တဆင့်ချင်းတဆင့်ချင်း စနစ်တကျ ကျင်းပပြုလုပ်ကတ်ပါရေ။ရခိုင်လူမျိုးတိရေ သမိုင်းတလျှောက်မှာ ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်လာရေလူမျိုးတိအဖြစ်ထင်ရှားပါရေ။ ယင်းနန့် အညီ ဒေသင်္ကြန်ပွဲတော်ရေ ဘာသာရေးကို အခြီခံပျာယ် ဖြစ်ပေါ်လာရေ ယဉ်ကျေးမှုပွဲတော်ဖြစ်တေအတွက် ……

သင်္ကြန်အကြိုနိ့မတိုင်ခင် တရက်အလိုမှာ ရပ်ကွက်တိ အိမ်တိ ဘုန်းကြီးကျောင်းတိ နန့် သိမ် အဆောက်အအုံ စသည်ရို့ ကို အယင်ဆုံး ဆီးကြောသန့်စင်ကတ်ရပါရေ။ နှစ်သစ်ကိုရောက်ဖို့ပျာယ်ဖြစ်လို့ နှစ်ဟောင်းက အညစ်အကြေးတိကို သန့်စင်ခြင်းဖြစ်တေလို့လေ့ လူကြီးတိ ပြောသံကို ကြားဖူးခပါရေ။

နောက်တဆင့်အနီနန့် သင်္ကြန်အကြိုနိ့ ညဇာသားမှာ ရပ်ကွက်ထိပ် ခွဆုံတိမှာ၊ ဓမ္မာရုံတိ၊ ယာယီမဏ္ဍပ်တိ၊ ရန်ကုန်မှာဆိုကေ သိမ်ဖြူကွင်းရို့မှာ အပျိုချေတိရေ နံသာဖြူ နံသာနီ ကရမက် အစဟိရေ အမွှီးနံသာတုံးတိ မိမိကျောက်ပျဉ် တိကို အိမ်ကပနီယူဆောင်လာပနာ စုပေါင်းနံသာသွီးကတ်ရပါရေ။ (မရီးချေ)မမချေတိ သွီးရေနံသာကို ကိုလူပျို (မောင်းမောင်ချေ)တိက လိုက်လံသိမ်းဆည်းယူကတ်ရရေ အတွက် အကျွန်ရို့ ရခိုင်အတာသင်္ကြန်ရေ အပျိုလူပျို နီးစပ်ခွင့်ကို လွတ်လပ်စွာပီးထားရေ ပွဲလေ့ဖြစ်ပါရေ။ကြားဖြတ်ပြောရကေ သင်္ကြန်ချိန်ခါ ယောင်္ကျားပျိုရေ ဆင်းရဲသည်ဖြစ်စီ ချမ်းသာသည်ဖြစ်စီ အဆင့်အတန်းဂုဏ်ကိုငဲ့ကွက်ခြင်း မဟိရဘဲ မိမိချစ်နှစ်သက်တေ လှပျိုဖြူကို မိတ္တာရီလောင်းပိုင်ခွင့် ချစ်စကားဆိုပိုင်ခွင့် ဟိပါရေ။ ရီအလောင်းခံရရေ လှပျိုဖြူချေကလေ့ မိမိကြိုက်နှစ်သက်သည်ဖြစ်စီ မကြိုက်သည်ဖြစ်စီ ငြိုငြင်ခြင်းဆဲရေးဆိုခြင်းကို မပြုလုပ်ရပါ။။ ယင်းအပြင် သမီးသျှင် အမိ မဏ္ဍပ်သျှင် အရီးမတိ ကလေ့ ထိုအပျိုလပျိုတိကြားမှာ ၀င်ရောက်စွက်ဖက်ခြင်းမပြုရလို့ ပါးစ (နှုတ်) ရာဇ၀င်အရ ကြားဖူးပါရေ။ ယင်းကြောင့် အကျွန်ရို့ရခိုင်ပြည်မှာ ယောင်္ကျားမိမ္မ တိဧ့ တန်းတူအခွင့်အရီးဟိမှုကို သင်္ကြန်နှစ်ကူးချိန်ခါမှာ မြင်တွိနိုင်ပါရေ။

မရီးချေရို့ နံသာသွီးနီရေ အခါ မဏ္ဍပ်အပြင်မှာ ကိုလပျိုတိနန့် အချေတိရေ ကလူက ဆိုလူဆို တီးလူတီး နန့် သံညံသံထပ် ရွာလုံးပြတ် မြူးတူးနီကတ်ပါရေ။ သွီံးလို့ရဟိလာရေ နံသာရည်တိကို အိုးကြီးတလုံးထဲမှာ ထည့်ကတ်ရပါရေ။ ယင်းချင့်ကို နံသာသွီးပွဲလို့ ခေါ်ခြင်းဖြစ်ပါရေ။

ဒုတိယ နိ့ သင်္ကြန်အကျနိ့မှာ ရပ်ကွက်မှာဟိရေလူကြီးလူလတ်တိ ဦးဆောင်ပနာ အပျို လပျိုတိ အားလုံးကိုစုရုံး အတီးအမှုတ်တိ နန့် လှူဘွယ်ဝတ္ထုပစ္စည်းတိ၊ အမွှီးနံသာရည်အိုးတိကိုင်ဆောင်ပြီးကေ ရွာတန်းလမ်းမကြီးမှာ စီတန်းလှည့်လည်ပြီးကေ ဘုန်းကြီးကျောင်းသို့ လားကတ်ရပါရေ။ ဘုန်းကြီးကျောင်းရောက်တေခါ အဆင်သင့်ရောက်နီကတ်တေ လူငယ်အဖွဲ့က အကျွန်ရို့လူပရိသတ်တိကို အညောင်းပြေအညာပြေ အချိုရည်တိ တိုက်ကျွေးကတ်ပါရေ။ လှူဘွယ်ဝတ္ထုတိ ဘုန်းကြီးကိုကပ်လို့အပြီးမှာ သံဃာတော်တိဘားက ငါးပါးသီလ ခံယူကတ်ရပါရေ။ ငါးပါးသီလခံယူဆောက်တည်ပြီးမှ ယင်းကျောင်းမှာဟိရေ ဗုဒ္ဓဘုရားဆင်းတုတော်တိကို ကိုလပျိုလူလတ်တိက နံသာရီစင်တိ နန့်ဆီးကြောသန့်စင် ရီသပ္ပါယ်ကတ်ရပါရေ။ မရီးချေ အပျိုချောတိ ယူဆောင်လာရေ နံ့သာအိုးထဲက နံ့သာရီတိနန့် ဂုပိုင်ပူဇော်ပြီးနာ သင်္ကြန်ကိုကြိုဆိုရေ ဓလေ့ရေ ရခိုင်လူမျိုးတိဧ့ တုနှိုင်းမဟိရေ ချစ်စရာ့ပွဲတော်ချေ ဖြစ်ပါရေ။ ဘုရားရီချိုးပြီးရေခါ အပျို၊လပျို ဘေးဘေ အရီးချေ အစိတ်ကေ ဖိုးဖိုးဘောင်ဘောင်မကျန် ကျန်ဟိရေ နံ့သာရီစင်ကို သပြေခက်ချေ ဆွတ်ပျယ် အချင်းချင်းပက်ခုံးထက်ချေတိမှာ လောင်းပီးခြင်းနန့် နှစ်သစ်ဆုမွန်လေ့ တောင်းပီးကတ်ပါရေ။

သင်္ကြန်အကျနိ့ကစလို့ အတက်နိ့အထိ ()ရက်စလုံးမှာ လှပျိုဖြူတိရေ ရီလောင်း မဏ္ဍပ် ကိုကိုယ်စီ ၀င်ပျာယ်ဆင်တူဝတ်စုံတိ ၀တ်လို့ရီကစပ်ကတ်ရပါရေ။ ဒေရီလောင်းပွဲဓလေ့ချေရေအပျိုလပျိုတိကို အနီးကတ်စကားပြောဆိုခွင့်ပီးရေပွဲ တွိဆုံခွင့် နန့် မိတ္တာ စကားပြောဆိုခွင့်ပီးရေ လွတ်လပ်ပြီးမျှတရေ ပွဲအဖြစ်အထက်မှာဖော်ပြလားပြီးဖြစ်ပါရေ။ အလျား()နံဟိရေ လောင်းကြီးမှာ မဏ္ဍပ် အလယ်မှာ ချထားရပါရေ။ မဏ္ဍပ်အရှိဖက်မှာ သစ်သားတန်း(ရင်တား) ကိုရာဇမတ်ကွက်နန့် တကွအခိုင်အမာ ကာရံထားရရေလို့ ဆိုပါရေ။ မဏ္ဍပ် ကိုအုန်းခက်အုန်းလက် ပိတောက် ငုဝါတိနန့် အလှဆင်ပနာ မဏ္ဍပ် ဖူးစီးစာတမ်းကိုလေ့ ချိန်ဆွဲထားကတ်ရပါရေ။ နိ့စဉ်မိုးထ (၁၀)နာရီကပင် ညဇာ ()နာရီလောက်ထိ အပျိုလပျိုတိ ရီကစပ်ခွင့်ရကတ်ပါရေ။

၎။ သင်္ကြန် မဏ္ဍပ် နန့် ရီလောင်းခြင်း

ချစ်ဖို့ကောင်းရေ အကျွန်ရို့ ရိုးရာသင်္ကြန်မှာ ရီကစပ်ရေအခါ ဒေပိုင်စည်းကမ်းချက်ချေတိနနန့် စနစ်တကျဖွဲ့စည်းထားစွာကို တွိရပါရေ။ အကျွန်ရို့ လှပျိုဖြူတိရေ သင်္ကြန်မဏ္ဍပ်အထဲမှာ ဟိရေ လောင်းကြီးနောက်ဖက်မှာ မဏ္ဍပ်ကိုမျက်နှာမူလို့တန်းစီထိုင်ကတ်ရပါရေ။ကိုလပျို ယောင်္ကျားချေတိက အုပ်စုလိုက်ပင်ဖြစ်ဖြစ် တယောက်ချင်းပင်ဖြစ်ဖြစ် မဏ္ဍပ်ပြင်ပကနီ သံချပ်ထိုး ခွန်းတောက်တိ သီဆိုနိုင်ပါရေ။ ပြီးကေ ကိုယ်ကြိုက်နှစ်သက်တေ မမချေတိကို ရီဝင်လောင်းကတ်ပါရေ။ ရီလောင်းရေအခါ မဏ္ဍပ်သျှင်အရီးရို့ဘားကခွင့်ပြုချက်တောင်းပြီးမှရာ မိမိရို့ ရီလောင်းချင်ရေ လှပျိုဖြူမရီးကိုရွီးချယ်ခေါ်ယူကတ်ရပါရေ။ ရီလောင်းရေအခါ မရီးအပျိုတိက အယင်ဆုံး မောင်းမောင်လပျိုတိရီပုံးထဲမှာ အယင်ဆုံးလောင်းထဲကရီဖြည့်ပီးကတ်ရပါရေ။ မောင်းမောင်ရို့က ယောင်္ကျားပျိုတိက စလို့ရီသုံးခေါက် စတင်လောင်းပနာ ခေါ်ခါမှ မရီးရို့ကပြန် လို့ ရီးလောင်းခွင့်ရပါရေ။ ယင်းပိုင်နန့် ရခိုင်သင်္ကြန်မှာ ရခိုင်သားနန့် ရခိုင်သမ ရီကစပ်ကတ်ရပါရေ။ မဏ္ဍပ် ပြင်ပမှာ ခိုက်ရန်ဖြိုက်ပွားခြင်းမဟိရအောင်လေ့ ထိန်းသိမ်းကတ်ရပါသိရေ။ အကျွန်ရို့ဧ့ကိုယ်ပိုင်မူ ကိုယ်ပိုင်ဟန်ဟိရေ ရခိုင်သင်္ကြန်ရေ ကမ္ဘာမှာတမူထူးခြားရေပွဲတော်ချေတခုအဖြစ် မှတ်တမ်းတင်ထားကတ်ပါရေ။

၅။ နိဂုံး

လူမျိုးတခုချင်းစီမှာ သူရို့ပိုင်ဆိုင်ရေ ကိုယ်ပိုင်အမျိုးသားရီး လက္ခဏာချေတိ ဟိကတ်တေမဟုတ်ပါလား။ ဘာသာစကား၊ ကိုးကွယ်မှု နန့် ယဉ်ကျေးမှု ဓလေ့ပွဲတော်ချေတိရေ ကိုယ့်အမျိုးကို ကိုယ်မှတ်မိစေရေ အရာတိ မဟုတ်ပါလား။
အကြောင်းအမျိုးမျိုးကြောင့် မိမိဇာနေရာမှာပင်နီနီ တယောက်ပင်ဟိဟိ နှစ်ယောက်ပင်စုစု မိမိ နန့်သက်ဆိုင်ရေ အမျိုးသားရီးလက္ခဏာတိကို ထိန်းသိမ်းခြင်းနန့် ပြန့်ပွားအောင် မြှင့်တင်ခြင်းရေ မင်္ဂလာတပါး ဖြစ်တေပိုင် တဦးတယောက်ကလေ့သွင့်မခိုင်းစေဘဲ ကိုယ်ပိုင်အသိတရား နန့် တာဝန်ယူဆောင်ရွက်တတ်ခြင်းရေ မိမိရို့ အမျိုး နန့် သီလကို စောင့်ထိန်းခြင်းမှန်ရေပိုင် တဖက်တလမ်းက အားပီးအားမြှောက်ပြုတတ်တေအလေ့အထစော် မြင့်မြတ်ပြီး ဖွိ့ဖြိုးရီး စိတ်ဓါတ်တိဖြစ်ပါရေ။ အကျွန်ရို့ရေ ယေဇူးနန့်လို့ ဒေပိုင်ရိုးရာဓလေ့နန့် ကိုက်ညီရေ ရခိုင်သင်္ကြန်ပွဲချေကို ဘ၀သစ်ကျေးရွာ အမာမြို့နယ်မှာ ၂၀၁၀ ခုနှစ်က လူငယ်လူလတ်လူကြီးအင်အားစုတိနန့် စည်စည်ကားကားကျင်းပခကတ်ပါရေ။ ပျောက်ကွယ်နီရေ ဓလေ့ချေတိကို ဖော်ထုတ်တတ်ခြင်းရေ မြတ်သော မင်္ဂလာဖြစ်ပါရေ။

  ၂၀၁၀ ခုနှစ် အမာသင်္ကြန်


သင်္ကြန်အကြိုနိ့ဖြစ်ပါရေ။ ဘ၀သစ်ကျေးရွာ အမာမြို့လှပျိုဖြူချေတိကဒုတိယအကြိမ်မြောက် ရခိုင်နံသာသွီးပွဲမှာ ပါဝင်ဆင်နွဲနီကတ်စွာဖြစ်ပါရေ။

နံသာသွီးအပြီးမှာအကျွန်ရို့ရေ ရွာရိုးတလျောက်လမ်းမကိုပတ်ပျာယ် နောက်ထပ်ရခိုင်ဘုန်းကြီးကျောင်းတခုထဲကို ဘုရားရီချိုးဖို့ စီတန်းလှည့်လည်ကတ်ပါရေ။ အပျိုချေတိက သွီးထားရေ နံသာခွက်ချေတိကိုယ်စီကိုင်လို့ လူတန်းနောက်ဆုံးမှာ ကာလသားတိက ကခုန်သီဆိုနီကတ်ပါရေ။ဘုရားရီချိုးအပြီးမှာ အကျွန်ရို့ဒေပိုင်အမှတ်တရ ဓါတ်ပုံရိုက်ကတ်ပါရေ။

ဘ၀သစ်သူတိ နန့်တတူ ပျော်ကြီးကျကတ်ပါရေ    

ရခိုင်ရိုးရာအကတိ ကပြဖျော်ဖြေဖို့အတွက် ဘ၀သစ်လူငယ်အဖွဲ့က ကိုယ်ထူကိုယ်ထဆောက်လုပ်လိုက်ကတ်တေ မဏ္ဍပ်ပါ..။ဇာနေရာဇာကိုပင်ရောက်ရောက် ရခိုင်ရေ ရခိုင်ပါရာ။

 သင်္ကြန်ရီလောင်းမဏ္ဍပ်ဖြစ်ပါရေ။ အယင်အယင်နှစ်တိမှာလေ့ ဒေနီရာမှာဒေပိုင်ရခိုင်သင်္ကြန် မဏ္ဍပ်ကျင်းပလေ့ဟိပါရေ။ ရခိုင်နန့်တူစွာ လို့ လောင်းတခုရာဟိစွာ ရင်ကွဲပက်လက် မနှစ်ကတွိခရပါရေ။  ယေဒါလေ့သွင့် မနှစ်ကအကျွန်ရေ ပထမဆုံးဒေရွာကိုရောက်စွာလေ့ဖြစ်၊ သြဇာဟိရေ မြောက်ဦးကဆရာတော်ကလေ့ ရှေးရိုးစွဲအလွန်ဆန်စွာပါရေ။ ဆရာတော်က လောင်းတင်စွာရေ လင်တောင်းစွာလို့ပြောပါရေ။ ယေဇူးနန့်နံ့သာသွီးပွဲရာလုပ်နိုင်ပြီးကေ သင်္ကြန်ကိုဒေနှစ်မှ ရခိုင်သင်္ကြန်ပီပီသသချကတ်ရပါရေ ဒေဖက်ကျောင်းကဆရာတော်အကူအညီလေ့ အများကြီးပါပါရေ။ ယင်းရွာမှာ ရခိုင်ကျောင်းကနှစ်ကျောင်းဟိစော်ပါကို။ ကျောင်းနှစ်ကျောင်းကလေ့ မတည့်ကတ်ပါ။ မပြောချင်ယာ မတည့်ပုံမတည့်နည်းတိကို။

 

ဒေအချေတိစွာ ကောင်းချစ်ဖို့ကောင်းရေအချေတိပါ။ ဇာဗီဇ ဇာသွီးပါကတ်ပါလေတော့မသိ။ သူရို့အကဆရာမနီမကောင်းလို့ ဆီးရုံတက်နီရစွာတောင် ကိုယ်တိုင်အကတိုကပနာ ကကတ်တေအချေတိပါ။ အကရူးကတ်စွာဒိုးဗတ်ရူးကတ်စွာမှာ သူရို့အပြင်ဟိပါဖို့လား။ နိ့ခင်းတောင်မက အကျွန်ရို့ရန်ပုံငွီဖေ့သာ ရှာရေအနီနန့် ညဥ့်ခါလေ့ စတိတ်သျှိုးချရေအတွက် ညဥ့်ခါတိုင်ကေလေ့ သူရို့တိ ကကတ်ရပါရေ။ ရယ်လေ့ရယ်ချင်ရေ..တခါတလီဒေအချေတိကို မျက်နှာမဲပြပနာ ခြောက်ပိုက်ရစွာလေ့သနားပါရေ။ ကြည့်ပါချ။ ဂုမှသူရို့ကပြီးတရာသိ စက်ထက်ကဆင်းစွာနန့် အရာစင်အောက်မှာကနီကတ်ပါရေ။ အကျွန်ကဖို့လေ့ ထားပါအုံ့သိလေ။ အကျွန်ရို့က အဂုမှကဖူးစွာပါလေ။….ဟူးးးး သူရို့လေ့ အကနှစ်မျိုးကပါရေ။ ဒေအက ကတော့ခါ နံသာသွီးပွဲနန့် ဘုရားရီချိုးပွဲဓလေ့ချေကိုဖော်ကျူးထားရေ တေးခြင်းပါ။ သူရို့ဆရာ ဒိုးဗတ်သမားကိုယ်တိုင်ရီးစပ်ထားရေလို့သိရပါရေ။ သင်္ကြန်သူချေနန့်လေ့ ကကတ်ပါသိရေ။ အားပီးလိုက်ကတ်ပါတချ။။ ၀မ်းနည်းစရာအကျွန်ရို့အချေတိကို တူညီဝတ်စုံမဆင်ပီးနိုင်ခပါ။



 အေတခေါက်ကတော့ခါ အကျွန်ရို့အလှည့်ပါ။ အကျွန်ရို့လေ့ စုံတွဲအက နန့် လှပျိုဖြူအက ၂မျိုးကပါရေ။

 “ ယဉ်ကျေးမှုနန့် ရီပက်ခံမေလေ ဂျက်ကောင်းကေပက်လောင်းမေ..မယှူံးတမ်းလေ့ လောင်းကတ်ပါမေလေ။ လောင်းကြီးလောင်းချေပြိုင်လို့လေ..ရီဖြည့်လို့မောင်ရို့ကိုစောင့်ရေ ..ဆင်တူဝတ်လို့နီကတ်တေ။ ငွီဖလားချေကိုင်လို့လေ ကိုယ့်လူကိုလောင်းဖို့စောင့်ကတ်တေ”  ဆိုရေတေးခြင်းနန့် ညီလို့ချေကကတ်ပါရေ။ဒေဓါတ်ပုံကတော့ခါ အယင်ကသင်္ကြန်တေးခြင်းနန့် ကထားပါရေ။ ငိုလို့ရယ်လို့ ရန်ဖြစ်လို့တိုက်ထားရရေ အကပါ။ စင်ထက်ကိုရောက်တေအချိန်အထိ ထိုသူခြီကွက်လိုက်ကြည့်ဒေသူ့လက်ကွက်လိုက်ကြည့်နန့်..အားလုံးသူ ငိုရုပ်ပေါက်နီကတ်စွာကို တစ်ခေါက်ချေချ အားပီးလိုက်ကတ်ပါ။

နောက်ဆုံးအနီနန့် ရခိုင်ရိုးရာ လပျို အပျိုမိတ္တာရီလောင်းသရုပ်ပြပွဲ နန့်သင်္ကြန်ရီလောင်းမဏ္ဍပ်ဖွင့်ပွဲကို အဆုံးသတ်ပနာ ရီလောင်းခွင့်ပီးလိုက်ရပါရေ။ ဒေဟင့်ရေ အကျွန်ရို့ ရိုးရာကိုသရုပ်ပြခြင်းရာဖြစ်ပါရေ။မိတ္တာရီလောင်းခွင့်ကို နီမြီဒေသ အခြေအနေအရ အကျွန်ရို့ရခိုင်ပျိုဖြူချေတိ လုံခြုံရေးအရ အကျွန်ရို့ ခွင့်မပြုခကတ်ပါ။ ဒေပိုင်ပွဲဖြစ်မြောက်ခရေအတွက် လူတိုင်း လူတိုင်းရေအင်မတန်ပီတိဝမ်းမြောက်မိကတ်ပါရေ။ နောက်နှစ်တိမှာလေ့ ဒေပိုင်မိမိရို့ရိုးရာချေတိကို ရခိုင်ပြည်နန့် ခရီးမိုင်ထောင်ချီဝီးလီပတ်စီ မိမိနန့်တသားတည်းထည့်ယူလားပျာယ်..ရောက်ရာအရပ်မှာ ရခိုင်ယဉ်ကျေးမှု စည်ပင်ထွန်းကားအောင် ဆောင်ရွက်ခြင်းရေ ရခိုင်သူရခိုင်သားတိုင်းဧ့ မွီးရာပါ တာဝန်မဟုတ်ပါလား။။

၂၀၀၉ ခုနှစ်က ကျင်းပခရေ ပထမဆုံးအကြိမ်မြောက် ရခိုင်ရိုးရာ နံသာသွီးပွဲဓါတ်ပုံကို အမှတ်တရအနီနန့် ထည့်ပီးလိုက်ပါယင့်။ (ဒေချင့်ရေ ယင်းရွာမှာဟိရေ တခုတည်းသော မြီလမ်းမကြီးဖြစ်ပါရေ)


 ၂၀၀၉ နှစ်ကအကျွန်ရို့ရုပ်ပုံလွှာတိဖြစ်ပါရေ။

ဝန်ခံချက်။      ။၂၀၀၄ အေပရယ်မှာ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)ကထုတ်တေ ရခိုင်ရိုးရာသင်္ကြန်ပွဲတော် booklet  ချေကိုကိုးကားဗနာ သင့်လျော်ရေပိုင် အတိုချုံးရီးသားလိုက်ပါရေ။ အကျွန်ပြောချင်ရေ ရီးသားချင်ရေ အကြောင်းအရာချေတိကိုပါ ကြားညှပ်သုံးထားရေအတွက် စာဖတ်ပရိသတ်တိကို ရသပိုင်းဆိုင်ရာ တစုံတရာပီးနိုင်ခဖို့မျှော်လင့်ပါရေ။ နှစ်သစ်မှာကျန်းမာပျော်ရွှင်ကတ်ပါစီ။

ကျော့ကြာညို(ရခိုင်သမီးပျို)
၁၁.၀၄.၂၀၁၁

No comments:

Post a Comment