Sunday 3 March 2013

ဘ၀သစ် ရခိုင်အတွက် အမှာစာ



 အကျွန့်ရခိုင်တိသို့………

အကျွန်ရေ အမှာစာမရီးဖူးပါ။ ရီးဖို့လေ့ အစီအစဉ်မဟိပါ။ ယေဒါလေ့သွင့် ဒေ ရခိုင် ဦးလှမြင့်ရီးသားရေဘ၀သစ်ရခိုင်”  ဆောင်းပါး နန့် ပတ်သက်လို့ စာဖတ်လူ ပရိသတ်တိကို ၀န်ခံစရာ စကေတဗွေဟိနီစွာက တကြောင်း ဒေရွာအကြောင်း သိသလောက် မှတ်သလောက်ချေကို စာဖတ်ယင်းနားလည်ယှင်းလင်းအောင် ရွယ်ရည်ဗနာ အကျွန်ရေ ဒေစာညွှန့်ကို ရီးလိုက်ရခြင်းဖြစ်ပါရေ။

ဘ၀သစ် ရွာတန်းချေစွာ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်မှာတည်ဟိပါရေ။ ရခိုင်ပြည်နယ် အ၀ီးရောက်ရခိုင် အမျိုးအစားအများကြီးထဲက Internal migrated people လို့ခေါ်နိုင်ရေ ကိုယ့်ရီမြီဒေသ နန့် ၀ီးရာကို ၀မ်းစာအတွက် ပြောင်းရွိလားကတ်ရရေ လူတိထိုင်နီရေ ရွာချေတိဖြစ်ပါရေ။ ဧရာဝတီတိုင်းအပြင် ဟိုင်းကြီးကျွန်းရို့ဖက်မှာလေ့ ဒေပိုင်မျိုး  ရီကြိုင်ရာမြက်နုရာ ရှာဖွီနီထိုင်ကတ်ရရေ ရခိုင်အမျိုးတိ အစုလိုက် အစုလိုက် အုံနန့်ကျင်းနန့် ဟိကတ်စွာ ကို နာဂစ် အလွန် ကယ်ဆယ်ရီးလားယင်းနန့် သိခကတ်ရပါရေ။

ယင်းဆောင်းပါးကို အခင်ရခိုင်လှမြင့်ရေ ၂၀၀၉ စက်တင်ဘာလက ဘ၀သစ်ကျေးရွာ အမာမြို့ကို ရခိုင်စာပေဟောပြောပွဲ တခု ကျင်းပစောင်လားတွင်း အ၀ကျွန်းသားရွှိပြောင်းရခိုင်ရို့တိ သမိုင်းကို မှတ်တမ်းတင်ပီးခစွာဖြစ်ပါရေ။ ဖွင့်ဟ၀န်ခံပြောဆိုရကေ အခင်ရေ ဒေရွာအကြောင်းကို ယင်းနှစ်ဂျူလိုင်လကပင် )လတာ နွင်္ီရာသီ ပညာဒါန စာလားသင်ပြီးအပြန်မှာ မှတ်တမ်းတခု ရီးဖို့ အကျွန့်ကို တိုက်တွန်းပါရေ။ အကျွန်ကိုယ်တိုင်ကိုယ့်စွာကိုယုံကြည်ချက်နည်းပါးမှုကြောင့်တကြောင်း စာရီးလေ့ရီးထ တစိလေ့ မဟိသိရေအတွက် အကျွန်ရေ အခင့် ဆန္ဒ္ဒကိုအကောင်အထည်မဖော်နိုင်ခပါ။ ၀မ်းနည်းပါရေ။ အကျွန့်မှာ ရခိုင်စာပီ အရီးပါပုံ နန့် သမိုင်း ယဉ်ကျေးမှုကိုပြန်ဗနာ အသက်သွင်းဖို့ စိတ်ကူးတိရေ ယင်းအချိန်အထိ မဟိခပါ။ ယင်းတွက် အကျွန်ရေ အဂုပြန်စဉ်းစားကေ အသိတခုအသစ်ရလို့ပျော်ရပိုင် မျက်စိကွယ်နားကန်းနန့် ကုန်လွန်ခရေ အနှစ်မဟိ အကာမဲ့ သက်တမ်း(၂၀) ကျော်ကို ကောင်းနှမြောမိပါရေ။ ယေဒါလေ့သွင့် အကျွန် အဂု နောက်မကျပါသိ့။

ယင်းဆောင်းပါးကို ဦးရာဇ်မြေမဂ္ဂဇိင်းမှာ ဖော်ပြပြီးသားဖြစ်ပါရေ။ စာစောင် အမှတ်စိုင်ကို မမှတ်မိပါ။ စာပိုဒ်တိထဲမှာအမှားတိပါကောင်းပါနိုင်ပါရေ တကယ်လို့ ဒေဆောင်းပါးကိုဖတ်ဖူးပြီးသားလူတိများ ဟိခကေ အကျွန့်ကို ဆောင်းပါးပြန်လည်ပြုပြင်ဖို့ သတိပီးနိုင်ပါရေ။ အကျွန်ရေ အခင်ဘားက ယူခရရေ ဆောင်းပါးမူကြမ်းကို ၂၀၀၉ ခုနှစ်ကပင် သိမ်းထားရရေ အတွက် စာတချို့ဧ့ သုံးပုံတပုံလောက်က လုံးစိပတ်စိ မမြင်ရပါ။ အကျွန့်မှာ မှတ်တမ်းတင်ချင်အားကြီးလို့ ကြိုးစားပြီးကေ အကျွန့်မျက်မှန်အားကိုး နန့်  စာပြန်ရိုက်ထားရစွာဖြစ်ပါရေ။

တစ်လုံးသင်လေ့ဆရာ နှစ်လုံးသင်လေ့ဆရာဆိုပိုင် အခင်ရခိုင်လှမြင့်ရေ အကျွန်ဒေပိုင်ရခိုင်စာပီဖက်ကို ပါဝင်လာအောင် တိုက်တွန်းပီးခရေ ပထမဆုံးပုဂ္ဂိုလ်ပါ။ ဒေပုဂ္ဂိုလ်ကို အကျွန်ရေ (ရခိုင်သဟာယ မောင်တင်စွန်း) ခရီးစဉ် သင်္ဘောထက် မှာ စလို့တွိဆုံဖူးခပါရေ။ ဒေပုဂိုလ်ရေ အိပ်မငိုက်အောင် အ၀ါမသန်းအောင် စကားပြောကောင်းရေ ပုဂ္ဂိုလ်ဖြစ်ပါရေ။ မင်းသားဒေါင်မာတင် အကြောင်းကို အိမ်မက်သယောင်ဖန်တီးပြောဆိုပါရေ..အဂင့်မိုးလင်းအောင် ပြောနိုင်ရေ အခင်ပါ။ လေးစားရပါရေ။

ရခိုင်စာပီဟောပြောပွဲရေ ဒေရွာချေမှာ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပါရေ။ ဒေရွာချေရေ ရခိုင်ဆိုစွာနာမေတလုံးကလွဲကေ ရခိုင်နန့် ပတ်သက်တေ လက္ခဏာတိ ဗီဇတိ ပျောက်နီရေ နေရာချေဖြစ်ပါရေ။ ကောင်းစိတ်ဝင်စားဖို့ကောင်းပါရေ။ ယင်းနီရာမှာ အကျွန်ရို့ ရိုးသားမှုကို တွိရရေ။ ပျော်ရွှင်မှုတိကိုတွီရရေ။ လူတိဆိုစွာ ချစ်ဖို့ကောင်းရေ ဆိုရေသဖောတရားကို….အကျွန်ယင်းရွာချေကပဲသင်ယူခစွာဖြစ်ပါရေ။

စာပီဟောပြောပွဲ အပြင်အကျွန့်မှာ အိမ်မက်တခုဟိပါသိ့ရေ။ အကျွန်ရခိုင်စတိတ်သျှိုး ပွဲတခု ချချင်ပါသိ့ရေ ယင်းရွာမှာ။ ဒေရွာကလူတိရေ မြောက်ဦးကို မြင်လေ့မမြင်ဖူးဘဲ ချစ်နီကတ်တေလူတိပါ။ စစ်တွေကိုရောက်လေ့မရောက်ဖူးဘဲ စစ်တွေအကြောင်းပြောနီကတ်တေလူတိပါ။ အကျွန့်ဘ၀မှာ အကျွန်လုပ်နိုင်သမျှထဲက အကောင်းဆုံးကို ထုတ်ပြပါဆိုကေ လာချင်ရေအချိန်မှာလာမီး အကျွန် အမာရွာအကြောင်းကိုရာပြောမိပါဖို့။ အကျွန်တစ်သက်မှာ အကျွန်ဂုဏ်အယူဆုံး။ အကျွန်ရခိုင်ဖြစ်ရကျိုးတောင်နတ်လားပျာယ်လို့တောင် ထင်မိပါရေ။ အကျွန်ရခိုင်ပီသလားပျာယ်လို့တောင် ဘာဘာ ပါးမှာပြောဖူးပါသိ့ရေ။

အကျွန်ယင်းရွာချေမှာ နှနှစ်တိတိ (နွီရာသီ) တာဝန်ထမ်းဆောင်ခပါရေ။ ယေဇူးနန့်
စာပီဟောပြောပွဲ အပြင် အကျွန်ရို့ရေ ၂၀၁၀ စာသင်နှစ်မှာ ပထမဆုံးအကြိမ် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် ရီလောင်းမဏ္ဍပ်နန့် ဒုတိယ အကြိမ်မြောက်နံသာသွီးပွဲကို ရက္ခိတ မောင်မယ် (တက်သစ်စ) လူငယ်အဖွဲ့တပ်ပေါင်းစုက ဦးဆောင်ပနာ ကျင်းပခကတ်ပါရေ။ ကောင်းကောင်းအောင်မြင်ခပနာ ဘုန်းကြီးပျော်၊လူပျော် ခွီးချေတိပါ ပျော်ရေပွဲပါ။
ယင်းသင်္ကြန်နိ့ရက်ချေတိကို အကျွန်ရေ ဂုစာဖွဲ့ယင်းနန့် အလွမ်းဖြေနီရပါရေ။ မှတ်တမ်း ဗွီဒီယိုတိ ရိုက်ယူနိုင်ခရေအတွက် အကျွန့်မှာ သိမ်းထားထိမ်းထားရေ ချစ်စရာ အမာသင်္ကြန်မှတ်တမ်းချေတိဟိပါရေ။ ကိုယ်တိုင်က နည်းပညာပိုင်းဆိုင်ရာ အားနည်းရေခါ ဒေဗွီဒီယိုဖိုင်ချေတိကို မျှဝီပီးနိုင်ဖို့ အတွက် အကျွန်ရေအကျွန့်ကို ကူညီဖို့လူတယောက် ပေါ်လာနိုင်ပါစီကြောင်း ဆုတောင်းနီပါရေ။ ကံမကောင်းခလို့ ဒေနှစ် မတင်ပြပီးနိုင်ခေကေ အကျွန်ရေ ၀မ်းနည်းလီရပါဖို့ပျာယ်။

ဇာပိုင်ပင်ဖြစ်ဖြစ်..ပထမဆရာ ရခိုင်လှမြင့်ကြောင့် အကျွန်ရေ ငါစာရီးသင့်ရေ ဆိုစွာအသိ ကို အေအမ်ပီကိုရောက်မှ ပိုလို့အကောင်အထည်ဖော်ဖြစ်တေဆိုစွာ တစိပိုင်လေ့ငြင်းလို့မရပါ။ ၂၀၁၀ စက်တင်ဘာကနီ ဂု ၂၀၁၁ အေပရယ်လအထိ အေအမ်ပီကို ရောက်တေ ()လအတွင်းမှာ အကျွန့်စာအရီးအသားနန့် ပတ်သက်လို့ ဟိလာရေ ယုံကြည်မှု နန့် တိုးတက်လာရေ ကိုယ့်စာပီယဉ်ကျေးမှုဆိုင်ရာ လေ့လာချင်စိတ်တိကြောင့်အကျွန်ရေ ဒေအမှာစာနန့် အကျွန်ဧ့ တုနှိုင်းမမှီရေနှလုံးလှဆရာ အမိနန့်အဖ၊ အနွံတာခံရေမောင်ချေတိ၊ အကျွန့်ကို အားပီးအားမြှောက်လုပ်တတ်တေထွီးထွီး၊ အကျွန့်အမိအဖက အကျွန့်ကို စာမသင်ပီးနိုင်ခါ စာသင်ပီးခရေ၊ ထမင်းမွတ်တေငတ်တေခါ ထမင်းပီးခရေ အဘောင်သျှင်၊ အကျွန့်ကို အငယ်ချေကပင် ဂုချိန်ထိပညာ သင်ကြား လမ်းညွှန်ပီးလာရေ ဆရာသမား လူကြီးမိဘတိ၊ အကျွန့်အနားမှာ ဆိုးတူကောင်းဖက် ဟိနီကတ်တေ သူငယ်ချင်းတိ၊ အကျွန့်ကို ကိုယ်တိုင်ကိုယ်ကျ ပေါက်ပေါက်မြောက်မြောက်ထူးချွန်ရေ အပင်ချေတပင်ဖြစ်လာအောင်ပျိုးထောင်ပီးရေ ရခိုင်လူငယ်ပညာရေးအဖွဲ့ဝိုင်ဒင် (YDIN, Youth Development Initiative Network) ဘ၀သစ်ကျေးရွာက အကျွန့်အားအင်(ကျောင်းသားချေတိ) ချစ်ခင်ဂရုစိုက်ကတ်တေ ရွာသားတိ၊ ပြီးကေ လက်ဟိအေအမ်ပီက အကျွန့်စာပီမောင်နှမတိအားလုံးကို လက်အုပ်ချီ နှုတ်ဆက်တွင်း နှစ်သစ်မှာ ဘေးဘယာဖီးဝီးကွာပနာ ကိုယ်ကျန်းမာစိတ်ချမ်းသာပါစီကြောင်း ဆုမွန်ကောင်းတောင်းယင်း…………………………..


ကျော့ကြာညို(ရခိုင်သမီးပျို)
၁၀.၀၄.၂၀၁၁

No comments:

Post a Comment