Thursday 8 November 2012

အလှဆုံးညဥ့်လား...ဂန္ဓာရနှင်းနီ
















ညဥ့်..

ကြယ်မဟိပါကေလေ့ လှနီရေ
ညဥ့် တညဥ့်ဖြစ်ဖို့..လ မလိုမှန်း
မက်ခ်ျ အာရုဏ်ကူးမှ စာအုပ်ထဲမှာဖတ်လိုက်မိရေ။

အရောင်ထထူ သုတ်ထားရေ
ညဥ့်မျိုးကြုံခရေ
အရောင်ပပါးချေ တင်ထားပြီးသားနာ
လှရေလို့မြင်နီရေ အခါလေ့ဟိခရေ
တခါတရီမှာ ညဥ့်က
မျက်နှာသစ်ပြီးခါစ မျက်နှာမျိုးနန့်
စကားတ၀ီဝီ စပြောရေ။

ကဗျာဆရာကြီးက ဝေဖန်ပြန်ဗျာယ်
ငါ့ကဗျာတိ မာနပါနီရေလို့
ညဥ့်..ပြောပြပီးဖို့လား
ရုပ်မှန် နန့် သဏ္ဍာန် အကြောင်းကို
သက်ပြင်း သက်ပျော့ချမိရေ
ဂန္ဓာရနှင်းနီ နားလည်မှုလွဲနီလို့လေ။

တူရိယာအကြောင်း လေ့လာပါရစီ
ညဥ့်အကြောင်း တီးကြည့်ချင်လို့
နားထောင်စီချင်လို့
သာယာစီချင်လို့
လိမ်မာစီချင်လို့
နှုတ်ဆက်ချင်လို့
ညဥ့်ကို ချစ်လို့..။

ဒေအကြောင်း ဆောင်းပါးထည့်ဖို့
လူကြုံဟိပါဖို့သိမ့်လား
ဂုမြင်နီရရေညဥ့်က အလှဆုံးမဟုတ်လား
ဂန္ဓာရနှင်းနီ..။

ကျော့ကြာညို (ရခိုင်သမီးပျို)
၀၉.၀၃.၂၀၁၁

**Published in The Arakan International 15th**

No comments:

Post a Comment