နက်ဖြန်ခါတရက်တည်းအတွက်မဟုတ်ခရေ
မျှော်လင့်ချက်တိ
စက်တင်ဘာလက ခြွီစားလားခကေတောင်
အယင်နှစ်က ငါ့အိမ်မက်တိကို
ပြန်ပီးခဗလင်။
ရက်၊လ၊နှစ်ကို စောင့်ယင်းရစ်ပတ်နှောင်ထုံးခရေ
သံယောဇဉ်ကြိုးချေ
နီဝင်ချိန်အတွက် မဟုတ်ခကေတောင်
အဖြူရောင် ငါ့ရာဇ၀င်ကို
ပြန်ပီးခဗလင်။
တယောက်စာပုဂ္ဂလိကအလွမ်းတခုရာဖြစ်ခရေ
ရင်ဖတ်ပြည့်အနာ
မာနစကေချေများ ပါနီခကေတောင်
ခွင့်လွှတ်တတ်တေ အရယ်အပြုံ့တိကို
ပြန်ပီးခဗလင်။
ကျော့ကြာညို (ရခိုင်သမီးပျို)
၁၇.၀၁.၂၀၁၂
*(This Poem is issued in The Arakan International 16th)*
အာပါးးပါးး.. မလွယ်..မလွယ်...
ReplyDelete