Thursday 8 November 2012

ပညာတတ်ညဥ့်ယံ




နက်ဖန်ခါ အဆင့်မြင့်လူ့စာရင်းဝင်ဖို့
ဒေညဥ့်ယံ အာစိလိုက်ရလီခြင်း။

ပညာတတ်တိ သမုတ်တေ
မူလဆန်ဆန်အပြောအဆိုအရ
ယိုင်လိုက်လေ ယိမ်းလိုက်မောင်ရို့ ပုံစံခွက်ကိုယူ
မျက်စိစူးရေ လစ်(စ်)ထဲက ထွက်ကျဖို့လားဆိုပျာယ်
ပွင့်လင်းစွာပြောတတ်တေ မိရိုးဖလာကို
ယဉ်ယဉ်ကျေးကျေး နှင့် စွန့်လိုက်ရခြင်း။

အနောက်တိုင်း ပင်ကာလည်မှ
ဒေနွီရာသီ အအီးလျော့လီဖို့အထင်နှင့်
လီခံလူက စိမ်ပြေနပြေခံနီပျာယ်
အမုန်းခံပဒေသာပင် လုံးချင်းတည်း
အရာဇာနှစ်ပင် ဟိနိုးဟိနိုး
စိတ်ပူစိတ်ဆာတိကို ဆွဲထားခြင်း။

နား၊မျက်စိ ဦးနှောက်အားနည်း
အရွယ်ရောက်ပျောင်ချေတစ်ကောင်
ဂုဏ်၊ ဓန၊ မာန်၊ မာန လောင်းစီးပြိုင်ပွဲကြား
အိမ်တွင်း ရုပ်လုံးမလှမှုကိုဖယ်
ငရုပ်ဆီရောင် အရည်တိထွက်ကျနီရေလူတိကြားထဲက
တိုးပျာယ်တခါ ကြည့်လိုက်တေခါ
မိတ်သဟာကြီးငယ်ကျယ်ပြန့် Showပွဲကိုရာ မြင်ရခြင်း။

နက်ဖြန်ခါ အဆင့်မြင့်လူ့စာရင်းဝင်ဖို့
ဒေညဥ့်ယံ အာစိလိုက်ရလီခြင်း။ 

ကျော့ကြာညို (ရခိုင်သမီးပျို)
 ၀၅.၁၀.၂၀၁၂

2 comments: